26 C
Yangon

ညောင်ဦးတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်သာတွင် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ညောင်ဦးတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်သာတွင် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

မန္တလေး၊ ညောင်ဦးမြို့နယ်၊ အောက်ညည့်ရွာ အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Bagan Ogre Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ်၊ အောက်ညည့်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို Bagan Ogre Force နှင့် Ah Nyar Myay Special Commando defense Force တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့​ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး နိုင်ဝင်းသည် စစ်တပ် အလိုကျ မီတာခ အတင်းအဓမ္မ ကောက်ခံခြင်း၊ စစ်တပ် ခိုင်းစေ သမျှ လုပ်ကိုင်ပေးခြင်း၊ စစ်တပ်ကို ကျေးရွာ အတွင်း ခေါ်သွင်းကာ ရမ်းကားခြင်း၊ ဧရာဝတီမြစ်ကြောင်း တလျှောက် PDF အသွား အလာများကို စောင့်ကြည့် ခြင်းများကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” အဲဒီ အုပ်ကြီးက ညောင်ဦးမြို့ စစ်ခွေးတပ် ၄၁၅ တပ်ရင်းက လုပ်တဲ့ ပျူစောထီး သင်တန်းဆင်း ၁ ဦးပါ။ ကျေးရွာနေ ပြည်သူ ၆ ဦးယောက်ကိုလည်း ပျူစောထီး သင်တန်းတက် ခိုင်းပြီး ပျူစောထီးတွေ မွေးထုတ်ပေးနေတဲ့သူပါ ပျူစာထီး ၆ ဦးရဲ့ အချက်အလက် တွေကို သိမ်းဆည်းထားတဲ့ အုပ်ကြီးရဲ့ ဖုန်းကိုလည်း ရရှိ ထားပါတယ်” ဟု Bagan Ogre Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မန္တလေး၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Bagan Ogre Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာ စာသင်ကျောင်းမှ ကင်းစောင့်ပြီး ပြန်လာသည့် စစ်သားနှင့် ပျူစောထီး စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ ညနေ ၅နာရီကျော် ခန့်ကလည်း တောင်သာမြို့နယ် နတ်စောင့် ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၃၊ Bagan Ogre Force၊ bumese Gueria Force (BGF)နှင့် Zero-Nine ပြောက်ကျားတပ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article