ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဆီ လုံလုံလောက် လောက် ချထား ပေး ခြင်းမရှိဘဲ ဆိုင်ပိတ်ခွင့်မပေး၊ ကိုယ့်အစီအစဉ်ဖြင့် ဆိုင် ပိတ် လျှင် အရေးယူမည်ဟု စစ်ကောင်စီက အမိန့်ထုတ်
ရန်ကုန်၊ ဧပြီ ၁၅
စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံး ဆီ လုံလုံလောက်လောက်ချထားပေးခြင်းမရှိဘဲ ဆိုင်ပိတ်ခွင့်လည်း မပေးသည့် အပြင် မိမိအစီအစဉ်ဖြင့် မိမိဆိုင်ပိတ်လျှင် အရေးယူမည်ဟု အမိန့်ထုတ်ပြန် ထားကြောင်း သိရှိရသည်။
မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် မိမိအစီအစဉ်ဖြင့် ဆိုင်ပိတ်ထား ပါက အရေးယူ ခံရမည်ဖြစ်ကြောင်းလမ်းညွှန်ထားသဖြင့် နေ့စဉ် ဆီဆိုင်များ ဖွင့်နေရကြောင်း သိရှိရသည်။
“ဆီကျတော့ လုံလောက်အောင် မပေးဘူး။ မအလ က ဆီကိုလည်း တအား ယုတ်မာတယ်။ သင်္ကြန်တွင်း ဆိုင်ပိတ်ရင် အရေးယူမယ်ဆိုရင် ဆီကိုလည်း အခုစာရင်းချ၊ အခု တစ်ခါတည်းထုတ်ခိုင်းတယ်။ နယ်သမားတွေ ဒုက္ခရောက် ကြတယ်” ဟု ဆီသမားတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တော်ပြင်ပ နယ်ဒေသများရှိ ဆီဆိုင်ကြီးများအနေဖြင့် ဆီခွဲတမ်းများ ကို ချက်ချင်း ထုတ်ယူခိုင်းမှုကြောင့် ကိုယ်ပိုင်ဆီကားများ မအားလပ်ခြင်း၊ ဆီကား ငှားရသည်မှာ မလွယ်ကူသဖြင့် အလွန်ဒုက္ခရောက်ကြကြောင်း သိရှိရ သည်။
“ဧပြီလ ၁၁ ရက်နေ့ ဆီခွဲတမ်းချပေးတယ်။ ဧပြီလ ၁၂ ရက်နေ့ အပြီး ထုတ် ဆိုပြီး ယုတ်မာတယ်။ ခရိုနီဆီဆိုင်တွေက ဆီခွဲတမ်းလာမထုတ်ရင်မ ထုတ် နိုင်ရင် သူတို့ဆိုင်တွေ အတွက် ယူမယ်။ အခု SME ဆိုင်လေးတွေ အ ရမ်း ဒုက္ခ ရောက်ကြတယ်။ ဆီရ၊ မရ မသေချာဘူး။ ဗိုလ်မှူးချုပ် ရန်နောင်စိုး နဲ့ ခရိုနီ လုပ်ငန်းရှင်တွေ ပေါင်းပြီး လုပ်ကြတာ။ အခြားသူတို့နဲ့ အဆင်မပြေတဲ့ ဆိုင်တွေ ဖြုတ် ကြဖို့ လုပ်ကြတာ”ဟု ဆီသမားတစ်ဦးကဆိုသည်။
အလားတူ ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ စက်သုံးဆီ စီမံရေးအဖွဲ့က ရန်ကုန်ဆိုင်များသာဆီထုတ်ရမည် ဖြစ်ပြီး ဆီထုတ်ပြီးသောကားများသည် ည ၈ အချိန်တွ င်ရန်ကုန်ဆိုင်များ သို့ ဆီချအပြီးဖြစ်ရမည်ဖြစ်ကြောင်း ကျန်နယ် ဆိုင်များ ခွဲတမ်း ထုတ်ယူ၍မရပါက ဆီများ ပြန်လည် သိမ်းယူမည် ဖြစ် ကြောင်း၊ အရေးကြီးလိုအပ်သောနယ်ဆိုင်များကို ခွင့်ပြုချက်ဖြင့် ထုတ်ယူခွင့် ပြု မည်ဖြစ်ကြောင်း၊ အရေးတကြီး ထုတ်ယူရမည့် ဆိုင်များအနေဖြင့် Terminal များတွင် နံနက် ၄ နာရီမှ စတင်ထုတ်ယူရမည်ဖြစ်ပြီး နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ရန်ကုန်ဆီဆိုင်များတွင်ဆီချအပြီး လုပ်ဆောင်ရ မည်ဖြစ် ကြောင်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်သည်။