26 C
Yangon

သင်္ကြန်အကြတ်နေ့ မုံရွာတွင် စစ်တပ်က လုံခြုံရေးချထားသည့်ကြားမှ ပဇီကြီးကျေးရွာ သွေးကြွေးအတွက် တော်လှန်သင်္ကြန်ဖြင့် အကြွေးဆပ်ကြရန် တိုက်တွန်းချီတက်

Must read

သင်္ကြန်အကြတ်နေ့ မုံရွာတွင် စစ်တပ်က လုံခြုံရေးချထားသည့်ကြားမှ ပဇီကြီးကျေးရွာ သွေးကြွေးအတွက် တော်လှန်သင်္ကြန်ဖြင့် အကြွေးဆပ်ကြရန် တိုက်တွန်းချီတက်

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မုံရွာ သပိတ်အင်အားစု (Monywa Revolution Force) က မုံရွာမြို့တစ်နေရာတွင် စစ်ကောင်စီက လုံခြုံရေး အထပ်ထပ်ချထားသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ထွက် ရှိခဲ့ကြသည်။

ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ်များ ၊အပြစ်မဲ့ ပြည်သူ ၁၀၀ ဦးကျော် ဆုံးရှုံးခဲ့ရသည့်အပေါ် သပိတ်အင်အားစုက အကြမ်းဖက် စစ်ကောင်စီ၏လုပ်ရပ်အပေါ် အင်ပြည့်အားပြည့် တော်လှန်ကြ ရန် တိုက်တွန်း ကြ သည်။

မုံရွာမြို့ပေါ်တွင် လုံခြုံရေးအထပ်ထပ်ဖြင့်စစ်ကောင်စီဘက်မှ ရေကစား မဏ္ဍပ် ပြုလုပ်ထားသော်လည်း ပြည်သူများသွားရောက်လည်ပတ်ခြင်းမရှိဘဲ ခြောက် ကပ် လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article