အရာတော် အမြောက်တပ်မှ ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကြောင်း ကို တိုက်ခိုက်မှု ၃ ဦးသေဆုံးနိုင်
ရန်ကုန်၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၄ ရက် နံနက် ၆ နာရီ ၅၂ မိနစ်က သစ်ကျင်းကြီး ကျေးရွာ အနီးရှိ အမတ ၃၆၉ တပ်အ တွင်းမှ ခြေလျင်ထွက်လာသော အကြမ်းဖက် စစ် သား ၅၀ ခန့်ကို အရာတော်မြို့အနောက်ဖက် ခမြင့် လမ်းခွဲအနီးအရောက် ပဒေသာ မိုင်း ၃ လုံး၊ တူမီးရှေ့ထွက်ပြောင်းကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ် ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Danger Force LPDF ၊ ကြယ်နီတပ်ဦး တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ အရာတော်မြို့မှ စစ်ကားအကြီး ၂ စီးဖြင့် ရောက်ရှိလာပြီး ဒဏ်ရာစစ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ၊မုံရွှာမြို့နယ် အတွင်း စီးပွားရေး တက္ကသိုလ်တွင် အထိုင် ချ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာ ရီ ၁၅ မိနစ် အချိန် Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးနိုင်ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မူတွင် စစ်ကောင်စီက လက်နက်ကြီး ၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ PDF တပ်ဖွဲ့က ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမူ များနိုင်ကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ သေဆုံးဒဏ်ရာရမူကို အတည်မပြုနိုင်သေးသော်လည်း စစ် ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီ ဘတ်က လက်နက်ကြီး ၊လက်နက်ငယ် ၊စက်လတ် တို့ဖြင့် ကောင် တာ ပြန်ခဲ့သော် လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မူကို Snipe Rangers Force (S.R.S.F)တပ်ဖွဲ့ ၊ နွေဦးရဲဘော် တပ်ဖွဲ့ ၊ Peacock King တပ်ဖွဲ့ ၊ Black Dragon P.D.F ပျောက်ကျားတပ်ဖွဲ့၊ မုံရွှာ အမှတ် (၁) တပ်ရင်း ခွဲ ၄ (MPDF) ၊ မုံရွှာခရိုင် ရင်း ၂၇ ခွဲ ၂ ၊ God Of Snike တပ်ဖွဲ့ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။




