တနင်္သာရီအခြေစိုက် ၅၆၁ တပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ
ရန်ကုန်၊ ဧပြီ ၁၅
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေ စိုက် အမှတ် ၅၆၁ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ရင်ခွင်ထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့က တနင်္သာရီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံသို့ ဆက်သွယ်ကာ MA-3 မောင်းပြန် တစ်လက်၊ ကျည်အတောင့် ၂၀၀ ၊ လက်ပစ်ဗုံး တစ်လုံးနှင့်ချပ်ဝတ် တန်ဆာအချို့ပါယူဆောင်လာပြီး CDM ဝင်ရောက်ခိုလှုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
CDM ဝင်ရောက်လာသော တပ်သားကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်းသုံးဆယ် ပေး အပ်သွားမည်ဖြစ်ပြီး ၎င်း၏ ဆန္ဒအရလွတ်မြောက်ဒေသတစ် ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်ဟု ဆိုသည်။
အလားတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် CDM တပ်သားများကိုလည်း နွေးထွေးစွာကြိုဆိုပြီး စောင့် ရှောက်ကူညီပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။