25 C
Yangon

နွားထိုးကြီးမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ အုတ်ဖိုမြို့မ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

နွားထိုးကြီးမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ အုတ်ဖိုမြို့မ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ဧပြီ ၁၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ လဝက ရုံးအနီး တပ်စွဲထားသော စစ်တပ်ကို ဧပြီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် PDF များ ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

” ၉ နာရီ၊ ၁၀ နာရီ ဝန်းကျင်‌လောက်လုပ်တာဗျ မနက်ပိုင်းပါ ။ ၃ ကောင်သေပါတယ်။ ဒဏ်ရာရ စခတွေကို ကားနဲ့ လာခေါ်သွားတယ်”ဟု Myingyan District Drone Strike Team မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနှင့် အတူ ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့မ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့မ ရဲစခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)နီင့် မြေအောက်ပြောက်ကျား (အုတ်ဖို)အဖွဲ့က ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ရဲဘော်တွေကို စစ်ခွေးတွေက သေနတ်နဲ့ လိုက်လံ ပစ်ခတ် ခဲ့ပေမယ့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်။ ရဲစခန်းထဲကို ၄၀ မမ ဗုံးသီး ကျရောက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပျက်ဆီးမှုကိုတော့ မသိရသေးဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article