လွိုင်ကော်တွင် စစ်ကောင်စီ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကယားစစ်ကောင်စီ ညွှန်ကြားရေးမှူး၊ ကျေးလက်ဦးစီးဌာနနှင့်စက်မှုလယ်ယာ ပြည်နယ်မှူးနှင့် လွိုင်ကော်ပါမောက္ခချုပ်တို့ စိုးရိမ်ရ
ရန်ကုန်၊ ဧပြီ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည် နယ်အစိုးရအဖွဲ့ရုံးက ကျင်းပပြုလုပ်သော သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ခန့် အစိုးရ အဖွဲ့အရာရှိများအပါအဝင် ၂၄ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
“ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းထဲမှာ လုပ်တဲ့သကြန်မဏ္ဍပ် မှာ လက်နက် ကြီး တစ်လုံးကျတယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ ညွှန်မှူး ဦးကျော်ကျော် အုန်း၊ ကျေးလက်ပြည်နယ်မှူး ဦးစောဒီဒီး၊ စက်မှုလယ်ယာပြည်နယ်မှူး ဦးခင် မောင်ဝင်း လွိုင်ကော်တက္ကသိုလ် ပါချုပ်တို့ ဗုံးမှန်ပါတယ်။ ထိတဲ့ ဝန်ထမ်း ၂၀ ကျော်မှာ ထွေအုပ်ဝန်ထမ်းတွေ အများဆုံးထိ။ ညွှန်ကြားရေးမှူးနဲ့ အရာရှိ ကြီးတွေ စိုးရိမ်ရပါတယ်” ဟု ကယားစစ်ကောင်စီ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ဧပြီလ ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုရှိနိုင်သော် လည်း အတိအကျ မသိရ သေး ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်သည်မှာ မှန်ကန်ကြောင်း ကရင်နီ စစ်ဖက် ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
“ဒရုန်းနဲ့ချတယ်ဆိုတာ မှန်တယ်၊ မနက်ပိုင်းက၊ ရာထူးကြီးကြီး တွေထိတယ် ၊ ဘယ်သူတွေထိတယ်ဆိုတာ မသိရသေးတာ၊ အားလုံး ၂၄ ယောက် ထိတယ်၊ ထိခိုက်သေဆုံးမှု အတိအကျ သိရဖို့ စုံစမ်းနေတုန်းပဲ၊ ဒရုန်းဆိုတော့ ပူးပေါင်းအဖွဲ့ပါပဲ၊ “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဓာတ်ပုံ- ဒဏ်ရာရရှိသူတစ်ဦး။