28 C
Yangon

ကန့်ဘလူ ခရိုင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

Must read

ကန့်ဘလူ ခရိုင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့တွင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အ​ရှေ့ဘက်ခြမ်းရှိ ရွှေ​တောင်​ ကျေးရွာ၌ တပ်စွဲထားသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်​ရောက် တိုက်ခိုက်ခဲ့​​ပြီး ကျေးရွာ အုပ်ချုပ်​ရေးမှူး အပါအဝင် ပျူ​စောထီး ၆ ဦး ​သေဆုံးကာ လက်နက်အချို့ သိမ်းဆည်း ရမိ​ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်​နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ–ထန်းကုန်းလမ်းပိုင်း၌ စစ်​သားနှင့် ပျူ​စောထီးများ လိုက်ပါလာသည့် ကား ၂ စီးကို Kanbalu Underground Warriors နှင့် မဟာမိတ်ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့များမှ ​စောင့်ကြို တိုက်ခိုက်ခဲ့​​ပြီး စစ်သားနှင့် ပျူစောထီး ၈ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

” ကန့်ဘလူ ခရိုင်ထဲမှာ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်နားက ရွှေ​တောင်​ ကျေးရွာ ပျူစောထီးတွေကို ဝင်တိုက်တာ ပျူခွေး ၆ ကောင် သေတယ်လို့ သိရတယ်။ ကန့်ဘလူ တိုက်ခိုက်မှုကတော့ စစ်ခွေးနဲ့ ပျူခွေး ၈ ကောင်သေတယ်လို့ သိရတယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article