32 C
Yangon

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား၊ ပေါင်းတည်မြို့ရှိ သင်္ကြန်မဏ္ဍပ်၌ ဗုံးပေါက်ပြီးနောက် မဏ္ဍပ် ဖျက်သိမ်း

Must read

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား၊ ပေါင်းတည်မြို့ရှိ သင်္ကြန်မဏ္ဍပ်၌ ဗုံးပေါက်ပြီးနောက် မဏ္ဍပ် ဖျက်သိမ်း

ရန်ကုန်၊ ဧပြီ ၁၅

ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ဗိုလ် တစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း ရေ တာရှည်အခြေစိုက် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ ထံမှ သိရသည်။

ဧပြီလ ၄ ရက် နေ့လည် ၁၁ နာရီ၀န်းကျင် အချိန်ခန့်က တော်လှန်ရေးအင်အားစုများ နေရာယူထားသော မိချောင်းအိုင်ကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာမြောက်ဘက် တရုတ်ကုန်းသို့ မိချောင်းအိုင်ကျေးရွာ အုပ် စု၊ ရွှေသောင်ရွာဟောင်းမှ တဆင့် စစ်တောင်းမြစ်ကမ်းပါးအတိုင်း အင်အား ၁၀၀ ၀န်းကျင်ဖြင့် စစ် ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၇ နာရီ ကျော်ကြာမြင့်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာစဉ် ရွှေသောင်ရွာဟောင်းမှ ပြည်သူ ၁၀ ဦးကို လူသား‌ဒိုင်း အဖြစ် အသုံးပြုကာ ချီတက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်ကုန်းအနီးအရောက်တွင် တော်လှန်ရေးအင်အားစု များမှ သေနတ်တစ်ချက်ပစ်ဖောက်ကာ ဗျူဟာလမ်းအရှေ့ဘက်ခြမ်းသို့ ဆုတ်ခွာပေးခဲ့ကြောင်း၊ ထိုသို့ သေနတ်ပစ်ဖောက်သံကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ တရုတ်ကုန်းသို့ ထိုးတက်လာ ခဲ့ပြီး လူသားဒိုင်းအသုံးပြု ခံထားရသော ပြည်သူများမှာ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

ထို့သို့ လူသားဒိုင်းများလွတ်မြောက်လာပြီးနောက် တရုတ်ကုန်းအနီးရှိ တဲနှစ်လုံးအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်နေရာယူနေစဉ် အကြမ်းဖက်စစ်သားများ စတင်ပစ်ခတ်တိုက်ခိုက်ပြီး တရုတ် ကုန်း အတွင်းဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များမှ ဝို်ငးဝန်းပိတ်ဆို့ တိုက် ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ နှောပင်ကျေးရွာရှိ စစ်တပ်မှ ၆၀ မမ လက် နက်ကြီး အလုံး ၇၀ ခန့်နှင့် အောင်ချမ်းသာကျေးရွာ၊ နဂါးရုံဘုရားအတွင်းရှိ စစ်တပ်မှ ၁၂၀ မမ လက် နက်ကြီး အလုံး ၃၀ ခန့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုအပြင် ညနေ ၅ နာရီခန့်တွင် တောင်ငူလေတပ်မှ MIG 35 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ကျောက်ပုံကျေးရွာဘေး စစ်တောင်းမြစ်ကမ်းတစ်လျှောက် လေးကြိမ် တိတိ ရော့ကတ်ဗုံး၊ ပွိုင့် ဖိုက်ကျည်တို့ဖြင့် လှည့်ပတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃ ၊ ၄ ၊ ၆၊ တပ်ရင်း ၃၅၀၂၊ တပ်ရင်း ၃၆၀၂ နှင့် KNLA တပ် မဟာ ၂ တပ်ရင်း ၅ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိ သူ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော် လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ်အုပ်စု၊ သိမ်ကုန်းရွာ တာဝါတိုင်တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက ကျေးရွာနေပြည်သူများအား အတင်းအဓ္မ ခြိမ်းခြောက်ပြီးဆောက် လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်ကို ဗုံးခွဲသတိပေးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက် ည ၉ နာရီခွဲခန့် အဆိုပါသင်္ကြန်မဏ္ဍပ်အား ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူအချို့မှာ အကြမ်းဖက်စစ်သားများနှင့်အတူ သောက်စားပျော်ပါးနေသဖြင့် ၎င်းတို့ကို ထိခိုက်မည်စိုးသဖြင့် ညအချိန်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲမှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွ‌ယ်ရေးတပ်ဖွဲ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှ နွေဦးပိတောက်စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖောက်ခွဲ သတိပေးမှုကောင့် အကြမ်းဖက် စစ်‌သားများမှာ ကြောက်လန့်ပြီး ယနေ့ ဧပြီလ ၁၅ ရက် နေ့တွင် မဏ္ဍပ်ကို ဖျက်သိမ်းသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article