Khit Thit သတင်းဌာန၏ ဧပြီ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီ ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပြည်နယ်ရုံးက ကျင်းပပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒီကနေ့ သက်ြန် အကြတ်နေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် ၂၄ ဦးနီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရန်ကုန်မြို့တော်မှာ ဒီကနေ့ သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့မှာလည်း ရေကစား သူ၊ ရေပက်ခံသူမရှိသလောက် နည်းပါးနေပြီး အကျနေ့ လိုပဲ ရန်ကုန် ပြည်သူလူထုအများစုဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ခြင်း မရှိကြတာကို မြင်တွေ့ရပါတယ်။
-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာက ကလေးငယ်တွေ အပါအဝင် ပြည်သူ အယောက် ၁၀၀ ကျော်ကို မြန်မာစစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ပြင်းထန်စွာ ရှုတ် ချတယ်လို့ KIO ကနေ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၅၆၁ တပ်ရင်းက တပ်သား တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ သက်ြန်အကျနေ့ဖြစ်တဲ့ ဧပြီလ ၁၄ ရက်နေ့မှာ ပြည်သူ့ရင်ခွင်ဆီကို CDM ဝင်ရောက် ခိုလှုံခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။