23.9 C
Yangon

မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကျေးရွာရှိ စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၈ ဦး သေဆုံး

Must read

မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကျေးရွာရှိ စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကျေးရွာရှိအကြမ်းဖက်စစ်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU) တပ်ဖွဲ့မှ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၈ နာရီခန့်က အင်အား ၈၅ ဦးဖြင့် ဘိုမင်းကြီးကျေးရွာတွင် အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ၈၀ မမ ဖြင့် ၈ ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်၏ ပြန်လည်ပစ်ခတ်တိုက်ခိုက် မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ကန့်ဘလူမြို့နယ်အတွက် သွေးကြွေးတိုက်ခိုက်ခဲ့တာပါ၊ စစ်ခွေးတွေ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သိစေရပါ့မယ်၊ ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိပါတယ်၊ ကျနော်တို့ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု People’s knight Defense Force Myinmu (PKDF-MMU) မှ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်သည့် အပေါ်လက်စားချေတုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article