26.4 C
Yangon

မင်းတပ်မြို့နယ်၊ ပန်းပါရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲသောကြောင့် နေအိမ် ၃ လုံး မီးလောင်နေကြောင်း ကနဦးသိရ

Must read

မင်းတပ်မြို့နယ်၊ ပန်းပါရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲသောကြောင့် နေအိမ် ၃ လုံး မီးလောင်နေကြောင်း ကနဦးသိရ

ရန်ကုန်၊ ဧပြီ ၁၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်သောကြောင့် ကျေးရွာတွင်းရှိ နေအိမ် ၃ လုံးမီးလောင်းနေကြောင်း CDF-Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် နေပြည်တော် လေတပ်မှ အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးက ပန်းပါရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် နေအိမ် ၃ လုံး မီးလောင်နေကြောင်းသိရှိရသည်။

” ပန်းပါရွာကို ဗုံးကျဲသွားတာ နေအိမ် ၃ လုံးမီးလောင်နေတယ်။ ရွာထဲက အခြေအနေတွေ မသိရသေးဘူး။ ဒီနေ့ ညပိုင်းနဲ့ မနက်ဖြန်တွေမှာလည်း ပြည်သူတွေ လေကြာင်း အန္တရာယ်ကို အထူးသတိပြုဖို့ လိုပါတယ်” ဟု CDF-Mindat မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article