မူဆယ်မြို့မရဲစခန်း ယခုည ပစ်ခတ်တိုက် ခိုက်ခံရပြီး မိနစ် ၃၀ ကြာ အပြန် အလှန် ပစ်ခတ်မှုဖြစ်
ရန်ကုန်၊ ဧပြီ ၁၆
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် မူဆယ်မြို့မရဲစခန်း ပစ်ခတ်တိုက် ခိုက်ခံရပြီး မိနစ် ၃၀ ကြာ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း မူဆယ်မြို့ခံများက ပြောသည်။
ဧပြီလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် မူဆယ်မြို့မရဲစခန်းကို လက်နက်ကြီးများ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
“ရဲစခန်းအနောက်ကျော နတ်စင်ကုန်းနဲ့ ရဲစခန်း အရှေ့ ဘက် ဂေါက်ကွင်းဘက်၂ နေရာကနေပစ်တာ။ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ စခန်းမှူး ၃ ယောက်လုံး ရဲစခန်းထဲမှာ ရှိနေတာ။ အထိအခိုက်မသိရသေးဘူး” ဟု မူဆယ်သတင်းရင်းမြစ်က ပြောသည်။