28 C
Yangon

ရေစကြိုမြို့ရှိ ခြေလျင်တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြင်းမူမြို့ပေါ်တွင် ဘီယာထိုင်သောက်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ရေစကြိုမြို့ရှိ ခြေလျင်တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြင်းမူမြို့ပေါ်တွင် ဘီယာထိုင်သောက်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၅၆ တပ်နှင့် ၂၅၈ တပ်နှစ်ခုကို အီနာဂါ ဗုံးသီး ၃ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခန့်က အဆိုပါတပ်ရင်း ၂ ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်- ရေစကြိုပကဖ၊ သံမဏိသိန်းငှက် ပြောက်ကျားတပ်ဖွဲ့၊ MRTF တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ဘီယာထိုင်သောက်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၅၇ မိနစ်ခန့်တွင် မြင်းမူမြို့၊ မြို့ရှောင်လမ်းရှိ ဘီယာဆိုင်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သား ၈ ဦး ဘီယာထိုင်သောက်နေစဥ် လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” စစ်ခွေး ၈ ကောင်ခန့်ကို ကျွန်တော်တို့ ရဲဘော်တွေ အနီးကပ် လျက်ဆားပုလင်းနဲ့ ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်မှုကြောင့် စခတွေလဲနေတဲ့အချိန် ပေါက်ကွဲသံကြောင့် ကင်းပုန်းဝပ်နေတဲ့ စခအုပ်စုက လိုက်လာတာကြောင့်

ဆုတ်ခွာချိန် ဆိုင်ကယ်စက်နှိုးဖို့အချိန်မရှိတော့တာကြောင့် ဆိုင်ကယ် ဆုံးရှုံးလိုက်ရပါတယ်။ စစ်ခွေးတွေ အနေနဲ့ထိခိုက် သေဆုံးမှု ရှိနိုင်ပြီး အသေးစိတ်ကိုတော့ စုံစမ်းဆဲပါ” True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျား တပ်ဖွဲ့နဲ့ Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း၇) တို့မှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article