25 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ် အတွင်းသို့ အင်အား ၈၃ ဦးခန့်ဖြင့် မူးမြစ်ကူး တံတားကို ဖြတ်ကျော်ပြီး အင်းပတ်ကွေ့ကို စစ်​ကြောင်းထိုး ဝင်ရောက်လာသော​ကြောင့် ကျေးရွာ ၈ ရွာမှ ဒေသခံ ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အင်းပတ်ကွေ့ရွာအနီးရှိ အင်းပတ်ရွာ၊ ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းရွာနှင့် မကျီးအုပ်ရွာရှိ ပြည်သူ ၂၅၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“ဒေသ ပြည်သူတွေကတော့ နီးစပ်ရာ ကျေးရွာတွေနဲ့ လယ်ယာတွေ အကြား ဦးတည်ချက်မရှိ ပြေးနေရတယ်။ စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျည် ထိမှန်မှာကိုလည်း စိုးရိမ်နေကြရတယ်။ လက်ရှိ​ တိမ်းရှောင်နေရတာ ရွာ ၈ ရွာလောက်ရှိမယ်။ ပြည်သူကတော့ ၂၅၀၀ ကျော်တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article