ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သပိတ် စစ်ကြောင်းများ စုပေါင်းကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း၊ ကယ်တင်ရှင်မရှာဒို့ကျေးရွာ လူထု သပိတ်စစ်ကြောင်း နှင့် ကျောင်းသားလူငယ်များ သပိတ်စစ်ကြောင်းတို့ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။



