ယင်းမာပင်ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
ရန်ကုန်၊ ဧပြီ ၁၈
ယင်းမာပင်ခရိုင် တပ်ရင်း၂၄ ရှိ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များကို အညာပစ်တိုင်း ထောင်လေးများ အဖွဲ့နှင့် အနာဂါတ် အလင်းတန်းများ အဖွဲ့ တို့ပူးပေါင်းကာ အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းပြီး ကန့်ဘလူမြို့နယ် ပစီကြီးကျေးရွာ မှကျဆုံးခဲ့သော ပြည်သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် ရဲဘော်များအား အမျှ ပေးဝေခဲ့ကြောင်း သိရသည်။



