မြင်းမူမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက် ညနေ ၆ နာရီ ၄၁ မိနစ် ခန့်တွင် မြင်းမူမြို့ပေါ်ရှိ ရဲစခန်းနှင့် အထက ၁ ကျောင်းဝန်း၌ တပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ မမ ၃ လုံး၊ ၆၀ မမ ၄ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိတာတော့ များပြားနိုင်တယ်။ သေဆုံးမှု စာရင်းနဲ့ အထိအခိုက် ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေမှာ လက်နက် ခဲယမ်း အလွန်နည်းပါး နေပါတယ်။ ပြည်တွင်း ပြည်ပ အလှူရှင်တွေ အနေဖြင့် DK PDF-MMUကို တိုက်ရိုက် ဆက်သွယ်လှူဒါန်းပေးကြဖို့မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို (PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu (PKDF MMU) ၊ Zarmini Revolution Force Myinmu/Myaung ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ ၊ TAUNGTHA People DefenseForce(TTAPDF)နှင့် (D.B.B.F-MMU) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။