ဖားကန့် သပိတ် အင်အားစုများက KIA၊ NUG၊ PDF ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၂၀
ဖားကန့်မြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် KIA၊ NUG၊ PDF ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် “ဒီမိုကရေစီ ဖက်ဒရယ် ဘုံပန်းတိုင်ကို ပြည်သူနှင့် အတူ ချီတက်စို့” စာတန်း ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ပြည်သူ့ နွေဦးတော်လှန်ရေး အမြန်အောင်မြင်စေဖို့ ပြည်သူနဲ့လက်တွဲကာ ဒီမိုကရေစီ ဖက်ဒရယ် ဘုံပန်းတိုင်ကို လျှောက်လှမ်းကြဖို့ ချီတက် ကြွေးကြော်ခဲ့ကြောင်း သိရသည်။