28 C
Yangon

ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး

Must read

ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး စီးနင်းလာစဥ် အင်းပတ်ကျေးရွာမှ အသက် ၈၃ နှစ် အရွယ် ဒေါ်ပုစိန်သည် ထွက်ပြေးတိမ်းရှောင်ရင်း အမောဖောက်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

” ဧပြီလ ၁၉ ရက်နေ့က ရေဦးကနေ အင်အား ၁၀၀ကေျာ်နဲ့ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတုန်း အင်းပတ်ကျေးရွာက စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ဒေါ်ပုစိန် အသက် ၈၃ နှစ်က သုံးဘီးပေါ် ကအဆင်းမှာ အမောဖောက်ပြီး သေဆုံးသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ တို့မှ ပြည်သာ် ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

Photo – ခင်ဦးတွင် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရ​သော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article