34 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိ

Must read

ဒီးမော့ဆိုတွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၀

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကြောင်းများထံ ရိက္ခာပို့လာ သော အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က နေ့လည် ၁ နာရီခန့်က ဘောလခဲမြို့နယ်ရှိအကြမ်းဖက်စစ်တပ်မှ ဒီး မောဆိုမြို့နယ်အတွင်းရှိ စစ်ကြောင်းများထံ ရိက္ခာပို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ် ခလရ ၈၀ မှ တပ်သားများအား KA ၊ KNDF တပ်ရင်း ၂၁ မှ ဒေါညေးခူ ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး၊ တစ်ဦးအရှင် ဖမ်းမိ ကာ သေနတ် ၆ လက်အပါအဝင်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“ပထမကား မိုင်းထောင်ပြီး ဝိုင်းပစ်ခတ်ခဲ့တာ၊ ဖြစ်တဲ့နေရာက ဒီးမော့ဆိုထဲပါပေမယ့် ဘောလခဲအစပ် မှာဖြစ်တာ၊ စကစဘက်က အင်အားကတော့ သိပ်များများစားစားနဲ့မရှိတော့ဘူး၊ တပ်ရင်းမှူးဦးစီးမှ ၃၀ လောက်ပဲ၊ ဒုတပ်ရင်းမှူးဦးစီးရင်တော့ ၂၀ လောက်တော့ရှိမယ်၊ အရင်လို စစ်ကြောင်းတစ်ကြောင်းကို အင်အား ၇၀ ၊ ၈၀ လောက်နဲ့ မထွက်နိုင်တော့ဘူး၊ KA ၊ KNDF တပ်က ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဧပြီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ၃၀ ကျော်သေဆုံးကာ KA တပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ် တပ်မှ အသုံးပြု ၆၀ မမ တစ်လက်၊ RPG တစ်လက်အပါအဝင် သေနတ် ၁၃ လက်၊ ကျည်ဆံ ၄ ထောင် ကျော်၊ မိုင်း၊ ကွန်ပျူတာ၊ ဖုန်းစသည့် ပစ္စည်းမျိုးစုံအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article