26 C
Yangon

ဖယ်ခုံမှ လွိုင်ကော်မြို့နယ်သို့ တက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

Must read

ဖယ်ခုံမှ လွိုင်ကော်မြို့နယ်သို့ တက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

ရန်ကုန်၊ ဧပြီ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်အနီးတွင် အင်အားဖြည့်ရန် တက်လာသည့် အကြမ်းဖက်စစ် ယာဉ် တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီး ပျက်စီးခဲ့ပြီး စစ်သား အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ နံနက် အစောပိုင်း ၂ နာရီခန့် က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှ ကယားပြည် နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမောဆိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် ချီတက်လာသော အ ကြမ်းဖက်စစ်ကား အစီး ၂၀ ကို လွိုင်ကော်- မိုးဗြဲ ကားလမ်းမ တစ်နေရာ၌ ကရင်နီအမျိုးသားကာကွယ် ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖယ်ခုံကနေ တက်လာတာ၊ လွိုင်ကော်မြို့အဝင်နားမှာ မိုင်းဆွဲခဲ့တာလို့ ပြောတယ်၊ ပျက်သွားတဲ့ကားကို ပစ်ထားခဲ့ပြီး ခရီးဆက်လက်တာတယ်ပြောတယ်၊ မိုင်းဆွဲတဲ့နေရာနားမှာက တပ်တွေရှိတာဆိုတော့ အဲဒီ တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ ပြည်သူ ၂ ဦးလည်းထိခိုက်ဒဏ်ရာရတယ်၊ အဲဒီ စစ်ကြောင်းက အခုမိုက်ကန်းရွာဘက်မှ အင်အား ၁၀၀ လောက်ရောက်နေတယ်၊ လောပိတာဘက်ကို ဦး တည်နေတဲ့အနေအထားပေါ့၊ ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း တိုက်ပွဲဖြစ်နေတော့ အဲဒီဘက်ကိုလည်း စစ် ကြောင်းခွဲထားတယ်၊ အင်အားကတော့ ဘယ်လောက်ပါမလဲ ခန်းမှန်းလို့မရသေးဘူး” ဟု ကရင်နီစစ် ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်းသားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်ကာ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတလျှောက်ကိုလည်း ပိတ် ဆို့စစ်ဆေး နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို KA၊ KNDF ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းမှ ဒဏ်ရာရ စစ်သားများကို ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်လေ့ကျင့် သင်တန်းကျောင်းဘက်သို့ ထမ်းသယ်သွားကြောင်း သိရသည်။

Photo – ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ် မေလအတွင်း စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကား ၁ စီးအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article