နောင်ချို၊ ဟိုခိုရွာရှိ ပြည်သူများကို စစ်တပ်က ရွာလုံးကျွတ် ရွေ့ပြောင်းခိုင်းပြီး ဆရာစံ လှိုဏ်ဂူကို ဗုံးကျဲဖြိုချမည်ဟု ပြောဆို
ရန်ကုန်၊ ဧပြီ ၂၁
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဟိုခိုရွာရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် ရွေ့ပြောင်းခိုင်းပြီး ဆရာစံ လှိုဏ်ဂူကို ဗုံးကျဲဖြိုချမည်ဟု သိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ်၊ ဟိုခိုရွာရှိ ဆရာစံ လှိုဏ်ဂူအတွင်း PDF တပ်ဖွဲ့ဝင်များ ပုန်းအောင်း နေသည်ဆိုကာ ဗုံးကျဲ ဖြိုချရန် ဟိုခိုရွာရှိ ပြည်သူများကို ရွာလုံးကျွတ် ရွေ့ပြောင်းခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
” နောင်ချိုမြို့နယ် ဟိုခိုကျေးရွာက ဆရာစံ ပုန်းခိုခဲ့တဲ့ ရှေးဟောင်း အမွေအနှစ် ဆရာစံလှိုဏ်ဂူကို PDF ရဲဘော်တွေ ပုန်းအောင်းနေတယ်ဆိုပြီး စစ်ကောင်စီက ဗုံးကျဲဖြိုချမယ်လို့ သိရတယ်။ အခု ဟိုခိုကျေးရွာက ပြည်သူတွေကို စစ်တပ်က ရွာလုံးကျွတ် ရွေ့ပြောင်း ခိုင်းနေတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
