32 C
Yangon

တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာ မီးပေးနိုင်တော့သည့် ရန်ကုန် လျှပ်စစ်ဌာန က ဆိုလာစနစ်ဖြင့် မီးသုံးသူများထံမှ လျှပ်စစ်ဝယ်ယူလိုဟု ကြေညာ

Must read

တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာ မီးပေးနိုင်တော့သည့် ရန်ကုန် လျှပ်စစ်ဌာန က ဆိုလာစနစ်ဖြင့် မီးသုံးသူများထံမှ လျှပ်စစ်ဝယ်ယူလိုဟု ကြေညာ

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာ မီးပေးနိုင်တော့သည့် ရန်ကုန်လျှပ်စစ်ဌာနက ဆိုလာစနစ်ဖြင့် မီးသုံးသူများထံမှ လျှပ်စစ်ဝယ်ယူလိုဟု ကြေညာသည်။

ရန်ကုန်မြို့တွင် ဆိုလိုအသုံးပြုသူများအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုလျှံပါက ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကောပိုရေးရှင်းထံ ရောင်းချနိုင်ကြောင်း၊ ၁၀၀ ကီလိုဝပ်မှ ၁ မဂ္ဂါဝပ်အထိ ၈၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၁ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူမည်ဟု ရန်ကုန်လျှပ်စစ်ဌာနက ကြေညာထားသည်။

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၊ ဟိုတယ်များ ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည့် အဆောက်အဦးခေါင်မိုးများပေါ်တွင်လည်းကောင်း မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများတွင်ပေါ်တွင် လည်းကောင်း တစ်နိုင်တစ်ပိုင် တပ်ဆင်ထားသောအသေးစား ဆိုလာစနစ်မှ မိမိတို့အတွက် အသုံးပြုပြီး ပိုလျှံသော ဓာတ်အားကို ဝယ်ယူလိုခြင်းဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် မီးများ အလွန်ပြတ်တောက်နေပြီး ပြည်သူများမှာ ပျှမ်းမျှ တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာ ရရှိတော့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article