မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ် စစ်ဆေးရေး ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၂၂
မုံရွာ-မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အချက်ပေါင်း များစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေရဲ့ ဘန်ကာတွေ ပျက်စီးပြီး အများအပြား ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေး သေဆုံးမှု စာရင်းတော့ မသိရသေးဘူး။ တိုက်ခိုက်မှု အပြီးမှာ ဒဏ်ရာရ စစ်ခွေးတွေကို ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ သိရတယ်” ဟု Royal Tiger Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ၊ ရန်ရှင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်တမာ တပ်ဖွဲ့၊ မုံရွာခရိုင် ၁၂ တပ်ခွဲ ၃ ၊ Hundred လက်နက်ကြီးတပ်ဖွဲ့၊ ငဘ ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ရဲဘော် မဟာမိတ် ရဲဘော်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။