29 C
Yangon

ကန့်ဘလူတွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံး

Must read

ကန့်ဘလူတွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ဝက်သအင်းရွာမှ အသက် ၈ နှစ်အရွယ် စစ်ရှောင် ကလေးငယ် မောင်မိုးဟိန်းသည် ထမင်းချက်ရန်အတွက် ထင်းသယ်သွားစဥ်မြွေဆိုး ကိုက်ခံရသောကြောင့် မြန်မာ့ဆေးဝါးလုပ်ငန်း – BPI ထုတ် မြွေဆိပ်ဖြေဆေး နှစ်လုံးထိုးကာ အရေးပေါ် ကုသပေးခဲ့​ကြောင်း သိရသည်။

ထို့နောက် ကိုးတောင်ဘို့တိုက်နယ်မှ ကောလင်းမြို့နယ်ဘက်သို့ ဆက်လက်လွှဲပြောင်းကာ BPI ထုတ် မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး တစ်လုံး ထပ်မံ ထိုးပေးကာ အရေးပေါ် ကုသမှု ပေးခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article