စစ်ကိုင်းတိုင်းရှိ သောက်သုံးရေ ခက်ခဲနေသော စစ်ဘေးရှောင် ပြည်သူများအတွက် ရေတွင်းမှာ တူးဖော်လှူဒါန်း
ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်းအတွင်းရှိ သောက်သုံးရေ ခက်ခဲနေသော စစ်ဘေးရှောင် ပြည်သူများအတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က ရေတွင်းများ တူးဖော်လှူဒါန်းခဲ့ကြောင်း သိရသည်။
သောက်သုံးရေ ခက်ခဲနေသော နေရာများတွင် တွင်းရေ တူးဖော်ရန်အတွက် ပေ ၄၀၀ မှ ပေ ၅၀၀ အထိ တူးဖော် ရပြီး ရေတွင်းတစ်ခု ရရှိရန် ၇ ရက်မှ ၁၅ ရက်အထိ ကြာမြင့်ကြောင်း သိရသည်။