ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အစပ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ဝန်း ကျင်သေဆုံးဟု NUG ကာကွယ်ရေးဝန်ကြီးဌာန က ကြေညာ
■ PDF သိမ်းပိုက်ထားသော စစ်တပ် စခန်းကုန်းကို အိမ်းစီးကားဖြင့် လာသည့် ခလရ ၁၄၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်မင်းထွန်း ထွက်ပြေး စဉ် ပစ်ခတ် ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၃
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အစပ်တွင် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင် စီဘက်မှ ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်တပ် ဘက်မှ ၁၀၀ ဦးဝန်းကျင်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဧပြီလ ၅ ရက်နေ့ မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့် စစ်ကောင်စီတပ် များ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၉၀၀ နှင့် ၁၀၀၀ အကြားရှိခဲ့ကြောင်း ၊ ၁၈ ရက်တာတိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး ၄ ကြိမ်နှင့် တိုက်ပွဲငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင် မြေပြင်သတင်းအရ စစ်ကောင်စီတပ် အခြေ ပြု တပ်စွဲထားသည့် ခလရ ၁၄၇ စခန်းကုန်းသို့ နံနက် ၃ နာရီခန့်တွင် ချဥ်းကပ်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားများက စခန်းကုန်း စွန့်ခွာ ထွက်ပြေးသဖြင့် PDF တပ်ဖွဲ့ဝင်များက စခန်းကို အစားထိုး နေရာယူသိမ်းပိုက် ခဲ့ကြောင်း၊ ထို့နောက် PDF တပ်များက စခန်းသိမ်းထားစဉ် အိမ်စီးကား ၂ စီး ရောက်ရှိ လာရာ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ်တစ်ဦး ပါလာသဖြင့် တားမြစ် စစ်ဆေးခဲ့ကြောင်း၊ ကား မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံ ပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ ၁၁၄ နှင့်ခလရ ၁၁၅ တို့ကို ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၁၁၄ တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး စစ်သား ၅ ဦးသေ ဆုံး ခဲ့ကြောင်း၊ ခလရ ၁၁၄ ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်း နေဆဲဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။
၁၈ ရက်တာ တိုက်ပွဲကာလအတွင်း ခလရ ၁၄၇ တပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီး တစ်ဦး ၊ ခလရ ၂၅၈ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦးနှင့်ခလရ ၂၅၃ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်မှ ၁၀၀ ဦး ဝန်းကျင်ထိ သေဆုံး ခဲ့ပြီး ခလရ ၂၅၃ မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား ၇ ဦး သေဆုံး အပါအဝင် ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ MA 3 ၃ လက် ၊ 5.56 ကျည် အများအပြား ၊ 9မမ ကျည် အတောင့် ၂၀ ၊ ၆၀ မမ အသီး ၁၀ လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်း ဆည်း ရမိခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။




