အင်းစိန် CID မှုခင်းတပ်ဖွဲ့ ရုံးနှင့် ရွာမရဲစခန်းအနီးတွင် ဗုံး ၆ လုံး ဆက်တိုက် ပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် မြောက်ဒဂုံတို့တွင်လည်း ဗုံး များပေါက်ကွဲ
ရန်ကုန်၊ ဧပြီ ၂၄
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ CID မှုခင်းတပ်ဖွဲရုံးနှင့် ရွာမ ရဲစခန်းအနီးတို့တွင် ယနေ့ ညပိုင်း ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်အချိန် အင်းစိန်မြို့နယ်၊ CID မှုခင်း တပ် ဖွဲ့ရုံးနှင့် ရွာမရဲစခန်းအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက် ကွဲခဲ့ ကြောင်း၊ ယင်းနောက်ည ၁၁ နာရီ ၄၂ မိနစ်တွင်လည်း ဗုံး ၄ လုံး ထပ်မံ ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။
“ပထမည ၁၀ နာရီ ၄၀ ကျော်အချိန်မှာ ဗုံး၂လုံးပေါက်တယ်။ ပထမအသံက နည်းနည်းကျယ်တယ်။ နောက်အသံကတိုးတယ်။ နောက်ထပ် ပေါက်တာက ည ၁၁ နာရီ ၄၀ လောက်မှာ အသံကို အရမ်းကို ကျယ်တာ။ အိမ်တွေပါ တုန် တယ်။ ရဲတွေ စစ်ကားတွေတော့ သွားလာတာ မြင်ရတယ်။ ပေါက်ကွဲသံ အားလုံးက ပထမရော ဒုတိယပါ ၆ ချက်ရှိတယ်” ဟု အင်းစိန်ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ ည ၁၀ နာရီ ၄၇ မိနစ် ဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း မြောက် ဥက္ကလာပ မြို့နယ် အ၀ိုင်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၀၅ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့ နယ် တွင် လည်းကောင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၆ ရပ်ကွက်တွင် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ CID မှုခင်းတပ်ဖွဲ့ရုံး။