25 C
Yangon

အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာ စစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံး မှု များပြားနိုင်

Must read

အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာ စစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံး မှု များပြားနိုင်

■ ယနေ့နံနက် ၁ နာရီ ၅၅ မိနစ်အချိန် အင်းစိန်တွင် ပေါက်ကွဲမှု အကြီးကျယ် ထပ်ဖြစ်

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံး ၂ လုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာစစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံးမှုများပြားနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်၊ ည ၁၀ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင်မိုင်း ၂ လုံးဖောက်ခွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးချိန် ည ၁၁ နာရီ ၄၂ မိနစ်တွင် ထပ်မံ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးနိုင်ကြောင်း သိရပါသည်။

” ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ကျော်ခန့်က အင်းစိန်မြို့နယ်၊ CID ရုံးနှင့် အင်းစိန်ရွာမ ရဲခန်းကြား၌ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ပထမ ပေါက်ကွဲမှုမှာည ၁၀ နာရီ မိနစ် ၄၂ မိနစ်အချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၅ မိနစ်အကြာ ည ၁၀ နာရီ ၄၇ မိနစ်အချိန်မှာ ဒုတိယ အကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတဝိုက်သို့ စစ်ကား Double Cub အပါအဝင် စစ်သား အင်အားအများအပြားနဲ့ ရောက်ချလာပြီး CID ရုံး (ရုံးနီ) ရှေ့က လမ်းကိုပိတ်ချလိုက်ကာ ခွေးအင်အားအများအပြားဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့ပါတယ်။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရှာဖွေ စစ်ဆေး မှတ်တမ်း ယူမှုများ ပြုလုပ်နေချိန်အတွင်း ည ၁၁ နာရီ ၄၂ မိနစ်၌ ပေါက်ကွဲမှု နှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ လွင့်စင်မှုများ ဖြစ်ပွားခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာများ ရရှိကြခဲ့ပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗုံးပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားနေချိန်အတွင်း သေနတ်ပစ်ဖောက်မှု အချက် ရေ ၅၀ နီးပါးခန့် စစ်ကောင်စီက ပစ်ခတ်ခြောက်လှန့်ခဲ့ကြောင်း၊ စစ်သားများ သေဆုံးထိခိုက်မှုဖြစ်စဉ်ကို စစ်ကောင်စီက သတင်းဖုံးရန် ကြိုးပမ်းနေပြီး တပ်တွင်း၌ သတင်းထိန်းရန် ဖန်တီးနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များက ဆိုသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်အချိန် အင်းစိန်တွင် နောက် ထပ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article