28 C
Yangon

တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ

Must read

တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာတွင် အထိုင်ချ တပ်စွဲ ထားသော စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တန့်ဆည်PDF က ပြောသည်။။

ယနေ့ဧပြီလ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန် တန့်ဆည်မြို့နယ်မှ စစ်တပ်နှင့် ပျူစော ထီးများ တပ်စွဲထားသော နဋောင်းကျပျူစောထီးရွာ အထိုင် စစ်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်နှင့်ပျူစောထီး ၁၂ ဦးကျော် သေ ဆုံးပြီး လက်နက် ၇ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

” စစ်ခွေးစခန်းကို ဝင်တိုက်တာက မနက် ၃ နာရီမှာ စစ်ဆင်ရေးစတာ၊ နံနက် ၄ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်တယ်။ တစ်နာရီခွဲကြာတာပါ။ စခန်းသိမ်းတဲ့အထိ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်၊ သိမ်းဆည်းရမိတဲ့လက်နက်ပုံတွေတော့ ခွင့်ပြုမရလို့ တင်လို့မရပါဘူး။ ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကာဘိုင်သေနတ် ၄ လက်၊ ၁၂ ဗို့ ခါးကျိုး သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည်မျိုးစုံ ၂၀၀ကျော်၊ လက်ပစ်ဗုံး များနှင့် စစ်ဝတ်စုံများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ တိုက်ခိုက်ခဲ့သော နားဋောင်း ကျကျေးရွာစစ်စခန်း သည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ် ကမ်းဘေး တွင် တည်ရှိပြီး ပျူစောထီးများ ကျင်လည်ကျက်စားရာ နယ်မြေ အတွင်း တည်ရှိကြောင်း သိရှိရသည်။

နားဋောင်းကျကျေးရွာစစ်စခန်းတွင် ပျူစောထီးများကို စစ်ကောင်စီက စစ်သင်တန်းပေးလက်နက် တပ်ဆင်ထားကြောင်း၊ အနီးနားကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများသိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိ​သဖြင့် ဒေသခံပြည်သူများ နေ့စဥ် စိုးရိမ် ထိတ်လန့်စွာ နေထိုင်နေရကြောင်း၊ စစ်တပ်နှင့်ပျူစောထီးများ၏ ခြိမ်း ခြောက်မှုများကို နေ့စဉ် ခံနေရကြောင်း သိရှိရသည်။

တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ ပြည်သူများကို စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းသုံးပြီး အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် မြို့နယ်တွင်းကျေးရွာများအနေဖြင့် ပွဲလမ်းသဘင်အခမ်းအနားများကို လုံခြုံရေးသတိဖြင့် ကျင်းပရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးများကို ရှောင်ရှားပေးကြပါရန် တိုက်တွန်း မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article