23 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ရွာပေါင်း ၂၀ ကျော်ကို စစ်ကြောင်းထိုး စီးနင်းနေ

Must read

ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ရွာပေါင်း ၂၀ ကျော်ကို စစ်ကြောင်းထိုး စီးနင်းနေ

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ရွှေလှေရွာအနီး စစ်ကြောင်းထိုးလာစဥ် ပြည်သူ တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ယင်း စစ်ကြောင်းသည် ရွှေလှေရွာ တောင်ဘက်ကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ရွာပေါင်း ၂၀ ကျော်က ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” မုံရွာကနေ ကူးလာတဲ့ စစ်ခွေး စစ်ကြောင်းက ရွှေလှေရွာ တံတားနားကို စစ်ကြောင်းထိုးလာတုန်း လူငယ် ၁ ဦး ပစ်သတ်သွားတယ်။ အမည်တွေ နေရပ်တွေတော့ စုံစမ်းတုန်းပဲ အခု အကြမ်းဖက် စစ်ခွေးတွေက တောင်ဘက်ကို ဆက်လက် ဦးတည် စစ်ကြောင်းထိုးနေတယ်။ ရွာပေါင်း ၂၀ ကျော်ကထောင်နဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article