21 C
Yangon

ထီးချိုင့်မြို့နယ်တိုက်ပွဲများတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက် အပါ အဝင် ၅၀ ကျော်သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်သယ်

Must read

ထီးချိုင့်မြို့နယ်တိုက်ပွဲများတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက် အပါ အဝင် ၅၀ ကျော်သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်သယ်

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတို်ငး၊ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက် စစ်တပ် ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက်အပါအဝင် စစ်သား ၅၀ ဝန်းကျင် သေဆုံးပြီး ဗျူဟာမှူး၏ အ လောင်း ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင် သွား ကြောင်း KIA နှင့် PDF သတင်းရင်းမြစ်များက ရန် ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြားသည်။

ဧပြီလ ၂၁ ရက်နေ့ ထီးချိုင့်မြို့ပေါ်မှ အင်အား ၁၀၀ ကျော်ဖြင့် တောမရွာ၊ မရ သိမ် ကျေးရွာများဘက်သို့ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲ ပြင်းထန် နေ ကြောင်း၊ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး ကိုကိုသက် သေဆုံး ကာ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဗျူဟာမှူးကို ကျနော်တို့အဖွဲ့က ဝိုင်းပစ်တာ၊ မနေ့က တိုက်ပွဲမှာသေတာ၊ တိုက်ပွဲဖြစ် တာက ၂၁ ရက်နေ့ ကနေ စဖြစ်တာ၊ တိုက်ပွဲ ၃ ရက်အတွင်း စစ် ခွေး ၅၀ ကျော်သေတယ်၊ ဗျူဟာမှူး အလောင်း ကတော့ မနေ့က မြစ်ကြီးနား ကနေ ဆင်းလာတဲ့ Mi 17 ထောက်ပို့ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်၊ စစ်ခွေးတွေက အထိနာတော့ ရဟတ်ယာဉ်တွေနဲ့ ရွာတွေ ပေါ်ကို လာပစ် နေတာ၊ မီးတွေလည်းရှို့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ပစ်ခတ်မှုကြောင့် မရသိမ်ကျေးရွာ တောမကျေးရွာ၊ ဖုန်းကုန်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ မုတ်ဝကျေးရွာ၊ မယ်ဇလီကျေးရွာ ရှိနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အထိ တိုက်ပွဲဆက်ဖြစ်နေပြီး နေအိမ်မည်မျှ ဆုံးရှုံးပျက်စီးသည် ကို မသိရ သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲ ပစ်ခတ်တိုက်ခိက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုများရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article