29 C
Yangon

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတို့ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက် အတည်မပြုနိုင်သေး

Must read

ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတို့ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက် အတည်မပြုနိုင်သေး

ရန်ကုန်၊ ဧပြီ ၂၅

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတို့ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီိဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှ ၁ နာရီ ၃၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်က ဆောင်းဖွေး ဆေးရုံကို တိုက်လေယာဥ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့​ပြီး ဆေးရုံးတွင်းရှိ ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ဆရာဝန်တစ်ဦး ဆရာမ တစ်ဦး အပါအဝင် ၅ ဦးထိထားတယ်ပြောပါတယ်။ အကုန်အတည်မပြုနိုင်သေးဘူး ထိခိုက်ဒဏ်ရာရရှိတာတော့ ရှိတယ်” ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်ထိ တိုက်လေယာဥ်များ ဝဲနေဆဲ ဖြစ်ပြီး ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်မှလည်း လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article