စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ မြန်မာပြည်သူများနှင့်ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သက်သေဗုံးသီးအခွံ များရရှိထား
ရန်ကုန်၊ ဧပြီ ၂၆
စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ မြန်မာပြည်သူများနှင့်ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်နေသည်ကို PDF နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များထံမှ သိရှိရသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးရှိ ကျောက်မိုင်းဒေသတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေပြီး
စစ်ကောင်စီသည် တိုက်ပွဲအနီးအနားရှိ ကျေးရွာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း နယ်မြေခံစစ်ကြောင်းထံမှ သိရသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် စစ်ကောင်စီမှ ထိုင်းအစိုးရနှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံက ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
” ယခုလို ထိုင်းနိုင်ငံက စကစနဲ့ပေါင်းပြီး ထိုင်းကျည်တွေနဲ့ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့ ကျေးရွာတွေကို ဗုံးကျဲတာဟာ ထိုင်းအစိုးရမှာ တာဝန်ရှိတယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီသည် YAK-130 Jet Fighter ဖြင့် ကော်ဘရာစစ်ကြောင်း၏လုံခြုံရေးယူထားသော နယ်မြေကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသောနယ်မြေကို လက်နက် ကြီး ဖြင့် အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး) ဟု ယူဆရသော လက်နက်ကြီးအမျိုးအစားများ ပါဝင်ကြောင်းလည်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
“၂ ရက်တာအတွင်း စစ်ကောင်စီမှ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သော်လည်း မိဘပြည်သူများ ပို့သသောမေတ္တာကြောင့် မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးရဲမေတစ်ဦးက ” ညီမတို့ ရသေ့ဂူဘက်မှာ နေတုန်းကလည်း စကစဘက်က လေယာဉ်တွေ ပျံဝဲပြီးတဲ့အခါမျိုးတွေမှာ ဓာတုဆေးအနံ့လိုမျိုးတွေ ရခဲ့ပြီး ရှူရှိုက်မိတဲ့အခါ ခေါင်းမူးတာတွေ ဗိုက်အောင့်တာမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ ” ဟု ပြောသည်။
ဧပြီလ ၂၂ ရက်နေ့တွင်လည်းစစ်ကောင်စီမှ နံနက်(၂) နာရီအချိန်ခန့်၌ YAK-130 Jet Fighter ဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် (၆) နာရီခန့်မှစ၍ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန်ကြိုးစားသဖြင့် ကျောက်မိုင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေ ကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်၊ ကျဆုံးမှု မရှိခဲ့ပါ။
စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများပိုင်ဆိုင်သော လယ်ယာမြေများ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်လူသူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ပြည်သူများ၏ အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

