ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ကို ထမင်းပေါင်းအိုးများ လှူဒါန်း
ရန်ကုန်၊ ဧပြီ ၂၇
ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ထမင်း ပေါင်းအိုးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အနေနဲ့ ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ အတွက် လိုအပ်နေတဲ့ ထမင်း ပေါင်းအိုး လှူဒါန်း ခဲ့ပါတယ်။ စခန်းက ရဲဘော်တွေ ထမင်းချက်တဲ့အခါ အဆင်ပြေဖို့ပါ ပစ္စည်းစျေးတွေ ကလည်း တက် နေတဲ့အချိန် ဖြစ်ပါတယ်။ နောက်ထပ်လိုအပ်နေသော စခန်းတွေလည်းရှိပါသေးတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။


