25 C
Yangon

ကနီမြို့နယ်ရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးဒဏ်ရာရ

Must read

ကနီမြို့နယ်ရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း(ပျူ)ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံး သူများပြားကြောင်း Fighter Brotherhood Guerrilla Army တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၆၀ ခန့်ဖြင့် တပ် စွဲထားသော အလယ်ကျွန်း(ပျူ)ရွာစခန်းကို ယင်းမာပင်-ဆားလင်း လက်နက်ကြီး မဟာမိတ်တပ်ပေါင်း စုအဖွဲ့များ ပူးပေါင်းကာ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံး ရေ ၁၀၀ ကျော်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများ အထိုင်ချနေရာများကို ကျ ရောက် ပေါက်ကွဲကာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

“တာဝါတိုင်ဘက်က စစ်ခွေးတွေပါပေါင်းထားတယ်လို့ ကြားတယ်၊ မနက် အစောကြီးထ ဖောက်တွေနဲ့ သီချင်းတွေဖွင့်ပြီး ဟဲ နေကြတာ၊ ကျနော်တို့အဖွဲ့တွေက လက်နက်ကြီးတွေနဲ့လည်း ဆော်လိုက်ရော ၊ အသံတွေအကုန်တိတ်သွားတာ၊ တစ်ဖွဲ့ကို လက်နက်ကြီး ၁၀ လုံးကျော်၊ ၁၅ လောက်စီနဲ့ ဆော်ခဲ့ကြ တာ၊ ကြာတာကတော့ ၂ နာရီလောက်ကြာခဲ့တယ်၊ လက်နက်ငယ်ကတော့ လက်လှမ်းမီ သလောက်က လှမ်းပစ်ခဲ့တာ၊ စစ်ခွေးသေဆုံးထိခိုက်တော့အတည်ပြုလို့မရသေးဘူး” ဟု Fighter Brotherhood Guerrilla Army တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက် မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင် အဖွဲ့များဖြစ် သော၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Salingyi Border Task Force ၊ နယ်စည်းမခြား ဇာမဏီ ပျောက်ကြားတပ်ဖွဲ့၊ မဲမှောင်ပျောက်ကြားတပ်ဖွဲ့၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရိုးမရာဇာ(ရောင်နီ ဦးတပ်စု)၊ Yinmarbin Fighter Brotherhood Guerrilla Army၊ တောသားကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Eagle Defence Force၊ Arlarwaka ပြည်သူ့ကာကွယ်ရေးတပ်၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်၊ ချင်းတွင်းညီနောင်ပြောက်ကြားတပ်ဖွဲ့၊ Federal Democratic Revolution Force၊ သေမင်းတမန် ပြည် သူ့ကာကွယ်ရေးတပ်၊ Brother Defence Force၊ ပြည်သူအားလုံးရဲ့ PK၊ ရွှေညီကို အဖွဲ့၊ တောင်ပံနီ အ ထူးပျောက်ကြားတပ်ဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်၊ Salingyi People Defence Force၊ ချီဂွေဗားရား၊ Golden Star Force တပ်ဖွဲ့တို့ပူပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၃ ရက်ကွက်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးဒဏ်ရာရရှိ ကာ ရေစကြိုဆေးရုံသို့ တင်ပို့ကုသထားရကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ရေစကြိုမြို့၊ အမှတ် ၁ ရက်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တွင် စစ်ဆေး ရေးပြုလုပ်နေသည့်အကြမ်းဖက်စစ်သားများသည် Myingyan Black Tiger(MBT) တပ်ဖွဲ့၏ အမှဝ် စစ်ဆင်ရေး နယ်မြေအတွင်းသို့ ကျူးကျော်ကျွံဝင်လာသဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရရှိပြီး ရေစကြိုမြို့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ပြီးနောက် ရေစကြိုမြိုပေါ်ရှိ ရုံးပေါင်းစုံမှ အကြမ်းဖက်စစ်သားများဖြင့် အင်အား ဖြည့်တင်း ကာ မြို့နေရာအနှံ့ စစ်ကြောင်းများဖြန့်ကျက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article