ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်သားကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၇
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၃ ဦး သေဆုံးကြောင်း CDF-Kanpetlet ထံမှ သိရသည်။
ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၉ နာရီ ၃၀ မိနစ် အထိ ကန်ပက်လက်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲ ထားသော စစ်သားများကို CDF-Kanpetlet ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး CDF-Kanpetlet ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသိရသည်။
အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း အမှတ် ၁ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Chin Defense Force-Kanpetlet က ထုတ်ပြန်ထားသည်။