25 C
Yangon

မိုးဗြဲတိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၂၀ ထက်မနည်းတွင် တပ်မ ၆၆ မှ ဗိုလ်ကောင်းထက်စံ ပါဝင် သေဆုံး

Must read

မိုးဗြဲတိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၂၀ ထက်မနည်းတွင် တပ်မ ၆၆ မှ ဗိုလ်ကောင်းထက်စံ ပါဝင် သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲတွင် သေဆုံးခဲ့ကြ သော စစ်သား ၂၀ ထက်မနည်းတွင် တပ်မ ၆၆ မှ ဗိုလ်ကောင်းထက်စံ ပါဝင် သွား ကြောင်း မိတ်ဆွေတချို့နှင့် ၎င်း၏ ဇနီးဖြစ်သူကိုယ်တိုင် လူမှုကွန်ရက် တွင် သတင်း ထုတ်ပြန်ထားချက်အရ သိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မိုးဗြဲမြို့၊ ညောင်ဝိုင်း ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန် ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုက လက်ဦးမှု ရယူ တိုက် ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးပြီး ၂ ဦး အရှင်ဖမ်း မိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တပ်မ ၆၆ မှ ဗိုလ်ကောင်းထက်စံ ပါ သေဆုံးသွားကြောင်း သိရှိရသည်။

“သူ့အမျိုးသမီးကိုယ်တိုင်လည်း လူမှုကွန်ရက်မှာ တင်ထားပါတယ်။ သေတာက မိုးဗြဲမှာ တာဝန်ကျနေချိန် ကျတာပါ။ အလောင်းပြန်မရပါဘူး။ စစ်တပ်က အလောင်းကို ပြန်သွားမကောက်နိုင်တာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

ဗိုလ်ကောင်းစံသည် တိုက်ပွဲတွင် ကျဆုံးချိန်တွင် ဇနီးဖြစ်သူ ကိုယ်ဝန် နှင့်ကျန် ရစ်ခဲ့ပြီး လူမှုကွန်ရက်တွင် ခင်ပွန်းဖြစ်သူ တိုက်ပွဲကျဆုံးကြောင်း အောက်ပါ အတိုင်း စာရေးသားတင်ထားသည်ကို မြင်တွေ့ရသည်။

“ထပ်ထားမသွားပါဘူးလို့ကတိတွေပေးပြီး အပြီးထားသွားခဲ့ပြီ။ သားကြီးလာ လို့ဖေဖေရောမေမေလို့မေးရင်ဘယ်လိုဖြေရမလဲ။ လိုချင်တဲ့သားလေးရတော့ ပျော်ရတာလည်းသူအပြင်မရှိဘူး ။ အခုကျတော့သားမျက်နှာလေး တောင်မမြင် သွားရဘူး။ သားသားပဲကံမကောင်းတာလား။ ဖေဖေပဲကံမကောင်းတာလား။ မေမေပဲကံမကောင်းတာလားကွယ်။ သားမွေးရင်ဖေဖေနဲ့ပို တူမှာ ဆိုပြီး ငြင်း ပါဦး။ သားကဖေဖေ့ကိုတူမှချောမှာဆိုပြီးမခံချင်အောင်စပါဦး။ ရင်တွေကွဲ မတတ် ပါ ပဲသားဖေဖေရယ်” ဟု ဇနီးဖြစ်သူက လူမှုကွန်ရက်တွင်ရေးသား ထားသည်။

ယနေ့တွင်လည်း မိုးဗြဲဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article