ဝက်လက်မြို့နယ်၊ ကျီးကန်တောင်ရွာကို စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရရှိကာ သက်ကြီးရွယ်အို အဘိုးအို နှလုံးရပ်သေဆုံး
ရန်ကုန်၊ ဧပြီ ၂၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျီးကန်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိပြီး သက်ကြီးအမျိုးသားတစ်ဦး နှလုံးရပ် သေ ဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ယနေ့ဧပြီလ ၂၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အနောက်မြောက်တိုင်းစစ် ဌာနချုပ် (နမခ)မှ တက် လာသော Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် အကြောင်း မဲ့ သက်သက် လာရောက်ကာ ကျီးကန်တောင်ရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် အနီးနားရှိ ရွာတချို့ကို အကြောင်းမဲ့ သက်သက် ဗုံးကျဲ ပစ်ခတ်ခဲ့ရာ အမျိုး သား ၂ ဦး ဗုံးစ ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး သက်ကြီး အမျိုးသား တစ်ဦး နှလုံး ခုန် ရပ်တန့်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲက အကြီးကြီးမဟုတ်ဘူး၊ လှတောရဲစခန်းကို ခဏ ဝင်ပစ်တာ၊ ပစ်ပြီး ၁ နာရီလောက်ကြာမှ ရဟတ်ယာဉ် တစ်စီးနဲ့ လှတောရဲစခန်းတောင်ဘက် ကျီးကန် တောင်ရွာ ဘုန်းကြီးကျောင်းကို လာပစ် တာ၊ အဲဒီကျောင်းမှာက ဘုန်းကြီး လည်း ရှိတယ်၊ ဘုန်းကြီးတော့ ထိတယ်မကြားဖူး၊ ဘုန်းကြီးကျောင်း ဓမ္မာရုံကတော့ စုတ်ပြတ်သတ်သွားတာ၊ ကျီးကန်တောင်ရွာက ကောက်ရိုးပုံ လည်း မီးလောင်ပြာကျ သွား တယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လှတောကျေးရွာ၊ ကျီးကန် တောင်ရွာ၊ ကျီးကန်မြောက်ရွာ၊ မဲကုန်းကျေးရွာ၊ ဦးတည်ကုန်းကျေးရွာ၊ ရွာထယ်ကုန်းကျေးရွာ၊ တံတား ဦး ကျေးရွာ၊ ရွာသာကြီး ကျေးရွာ၊ ထုံဘိုကျေးရွာစသည့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေး တိမ်း ရှောင် နေရကြောင်း သိရသည်။