“အာဏာရှင်ကို မကြောက်နဲ့ ပဇီကြီးက မကြောက်ခဲ့ဘူး” စာတန်း ကိုင်ဆောင်ကာ လောင်းလုံး လူငယ်များ ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဧပြီ ၂၈
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် “အာဏာရှင်ကို မကြောက်နဲ့ ပဇီကြီးက မကြောက်ခဲ့ဘူး” စာတန်းကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ် မှောက်ခဲ့ကြောင်း သိရသည်။