25 C
Yangon

ကောလင်းတွင် KIA အရာရှိ အပါအဝင် PDF ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် ဖမ်းဆီးသတ်ဖြတ်

Must read

ကောလင်းတွင် KIA အရာရှိ အပါအဝင် PDF ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် KIA အရာရှိ ဇော်ဆိုင်း အပါအဝင် PDF ၁၀ ဦး ကို စစ်တပ်က ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ဘက်က အတည်ပြု ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ကောလင်းမြို့နယ် ပေပင်ချောင် ကျေးရွာ ဝန်းကျင်တွင် အခြေပြု လှုပ်ရှားနေသော KIA နှင့် PDF တပ်ဖွဲ့ဝင် ၁၀ ဦးသည် စစ်ကောင်စီ တပ်၏ စစ်ကြောင်း နှစ်ကြောင်းဖြင့် ပိတ်ဆို့ ဖမ်းဆီးခံရကြောင်း၊ KIA အရာရှိ ဇော်ဆိုင်း နှင့် တော်လှန်ရေးရဲဘော်တစ်ဦး စခန်းမှ အပြင်သို့ ထွက်ခွာ စဉ် စစ်တပ် စစ်ကြောင်းနှင့်ဆုံတွေ့ဆုံပြီး ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ် ခံလိုက်ရကြောင်း သိရှိရသည်။

“အသတ်ခံရတာလည်း မှန်ပါတယ်။ သတ်တာလည်း ရက်ရက်စက်စက်ကို သတ်ပစ်တာပါ။ နှိပ်စက်ပြီး ဒဏ်ရာတွေနဲ့ မသေသေးတာကို မီးရှို့သတ် ဖြတ် လိုက်တာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ ပေပင်ချောင် ကျေးရွာဘက်သို့ စစ်တပ်က စစ် ကြောင်း ထိုးလာပြီး PDF ၈ ဦးကို တွေ့ရှိ ဖမ်းဆီး သတ်ဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ကင်းလှည့်နေတုန်း စစ်ကြောင်းနဲ့တိုးတာ။ PDF ၈ ဦးကို အကုန်ဖမ်းပြီး စစ်တပ်က သတ်ဖြတ်လိုက်တယ်။ ဒီဖြစ်စဉ်ကိုလည်း အတည် ပြုထားနိုင်ပါပြီ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် KIA အရာရှိ ဇော်ဆိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article