25 C
Yangon

ပြည်သူပိုင် ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပိုမိုဆိုးရွားလာပြီး အပြည်ပြည်ဆိုင်ရာ နှင့်ပြည်တွင်း ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေ၊ နိုင်ငံတကာက မသိကျိုးကျွန်ပြုနေ

Must read

ပြည်သူပိုင် ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပိုမိုဆိုးရွားလာပြီး အပြည်ပြည်ဆိုင်ရာ နှင့်ပြည်တွင်း ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေ၊ နိုင်ငံတကာက မသိကျိုးကျွန်ပြုနေ

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေး သည့် ဆေးရုံ၊ ဆေးခန်းများပါ ရည်ရွယ်ချက်ထား၍ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်နေမှုများ ပိုမိုဆိုးရွာလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့ကျန်းမာရေး ကဏ္ဍအပေါ် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်း ဥပဒေများကို ပြောင်ပြောင် တင်း တင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံး တားဆီး အရေးယူရန် NUG အစိုးရက အကြိမ်ကြိမ် အသိပေး တိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန် ဆောင်ရွက်ချက် များမှာ နှေးကွေး၍ မသိကျိုးကျွန်ပြုနေကြဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အနောက် ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ. ဆောင်းဖွေး ပြည်သူ့ဆေးရုံ၌ လူနာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စစ်ဘေးရှောင် ပြည်သူများ ရှိနေစဥ် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးသီး ၁၀ လုံးကျော် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဗုံးကျဲ တိုက်ခိုက်မှု​အတွင်း အသက် ၁၅ နှစ် အရွယ် ကလေး တစ်ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ကလေးမီးဖွားပြီး ၂ ရက်သာ ရှိသေးသူ အမျိုးသမီးလူနာ မပန်းလဲ့ဦး၊ အသက် ၁၈ အရွယ် ဦးခေါင်းတွင် ဗုံးစဖောက်ဝင်ဒဏ်ရာ ရရှိပြီး အသက် အန္တရာယ်ရှိ သော အခြေအနေတွင် ရှိ​ကြောင်း၊ ဆေးရုံ အဆောက်အအုံအများစု၊ ဆေးနှင့် ဆေး ပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားအချို့လည်း ပျက်စီးသွားကြောင်း သိရှိရ သည်။

အလားတူ မတ်လ ၂၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်သည် ကရင်နီ/ ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီး ဆေးရုံ ကို လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးရုံမှာ လုံးဝပျက်စီးသွားခဲ့ပြီး ဆေးရုံအနီးရှိ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်း ဖက်တိုက်ခိုက်မှုများ ရှိနေသော်လည်း ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်း များ၊ တိုင်းရင်းသားပြည်သူများ နှင့် လက်တွဲ၍ စွမ်းစွမ်းတမံ ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article