Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့
-ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ရာမှာ ဗုံးခွံမှာ ထိုင်းစာ သားတွေရေးသားထားတဲ့ Cluster ဗုံးတွေအသုံးပြုနေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကသက်သေနှင့်တကွ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဆင်ဖြူဆိပ် အနောက်ရွာနဲ့ အရှေ့ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောပါတယ်။
-မန္တလေးမှာ စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားတဲ့ကြားကနေ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေပါသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။