ဖြူးမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ မော်စီ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၉
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရေပြာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ မော်စီကို PDF တပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း ဖြူးမြို့နယ်ပကဖ(ဗိုလ်ကျားကြီးအဖွဲ့)ထံမှ သိရှိရသည်။
ဧပြီလ၂၈ ရက်နေ့ နံနက်၁၀ နာရီ ၅၀ မိနစ် အချိန် ဖြူးမြိုနယ်ပကဖ (ဗိုလ် ကျား ကြီးအဖွဲ) က စစ်တပ်အတွက် အလုပ်လုပ်နေသူ မော်စီကို ပစ်ခတ် ရှင်းလင်း ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း ၊ မော်စီသည် တော် လှန်ရေးတပ်ဖွဲများ၏ သွားလာလှုပ်ရှား မှုများနှင့် စခန်းတည်နေရာများ ကို အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ အလုပ်လုပ်နေသူဖြစ်ကြောင်း ခိုင်လုံ သည့် အချက်အလက်များအရ စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်ရှင်း လင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဧပြီလ ၂၇ ရက်နေ့တွင်လည်း မီတာခမဆောင်သော ပြည်သူများကို ရဲခေါ် ရိုက် နှိက် ဖမ်းဆီးခိုင်းနေသည့် ကညွတ်ကွင်းမြို လျှပ်စစ်မှူးကျော်စံလင်း ကို ဖြူးမြို့ နယ်ပကဖ (ဗိုလ်ကျားကြီးအဖွဲ) က ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံး သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် မော်စီ။