26 C
Yangon

လောင်းလုံး၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ကျေးရွာရှိ သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား

Must read

လောင်းလုံး၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ကျေးရွာရှိ သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား

ရန်ကုန်၊ ဧပြီ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် မင်းဝါကို ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည် ၂ ချက် ထိမှန်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Dawei Defense Team – DDT အဖွဲ့မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပစ်ခတ် တိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားကာ ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ ၃ (ထားဝယ် ပကဖ) မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်များ၊ သတင်းပေးဒလန်များ ၎င်းတို့၏ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန်နှင့် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများ၊ ရဲတပ်သားများနှင့် ပူးပေါင်း၍ ပြည်သူများကို ဆက်လက် ဒုက္ခပေးပါက ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးသွားမည်ဖြစ်ကြောင်း Dawei Defense Team – DDT အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article