26 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆက်သွယ်ရေးဖြတ်တောက်စက် အပါအဝင် လက်နက်များ သိမ်းဆည်းရရှိ

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆက်သွယ်ရေးဖြတ်တောက်စက် အပါအဝင် လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့တွင် စစ်တပ်က KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်အတွင်းရှိ ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိန်းချုပ်ထားသော နယ်မြေများသို့ လက်နက်ကြီးဖြင့်အကြိမ်ရေ ၉၀ အထက်၊ အတွဲလိုက် ဒုံးများဖြင့် ၈ ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရင်ဆိုင်ထိတွေ့တိုက်ပွဲများတွင် တပ်ရင်း ၂၀၇ ဗိုလ်မှူး ၁ ဦး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ (IO) ၁ ဦး အပါ အဝင် စစတပ်ဘက်မှ ၅ ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရကြောင်း၊ လက်နက်သိမ်းဆည်းရရှိမှု အနေဖြင့် ကပစကျည် ၆၇ တောင့်၊ MA5 ၁ လက်၊ MA5 ကျည်ဘောက် ၁ ဘောက်၊ 9mm ကျည် ၁၅ တောင့်၊ MAကျည်ဘောက်

၄ ဘောက်၊ စကားပြောစက် ၂ လုံး၊ အီနာဂါ ၄ လုံး၊ RPG ၃ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ ဓား ၁ လက်၊ Jammer ကျောပိုးစက် ၁ လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ၁ ကြိမ် YAK-130 Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article