28 C
Yangon

မြ၀တီမြို့နယ်တွင် မနေ့ညပိုင်း၌ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

မြ၀တီမြို့နယ်တွင် မနေ့ညပိုင်း၌ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်တွင် မြဝတီမြို့နယ်၊ မဲကနယ်ဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

” မနေ့ညပိုင်း မြဝတီမြို့ ၂၇၅ တပ်ထဲကနေ ၁၂၀ မမနဲ့ မဲကနယ်ဘက်ကို လှမ်းပစ်နေတာ ည ၉ နာရီ ၂၀ မိနစ်လောက်မှာ ပထမဆုံး စပစ်တာ မြဝတီ မြို့ထဲထိ မြေတုန်တယ်။ လေယဥ်နဲ့လည်း ဗုံးကျဲတာ ၃ ကြိမ်ရှိပြီး ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article