33 C
Yangon

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ အနောက်တောင်ခြမ်း၊ မုံရွာ-ယာကြီးလမ်းဘေး၂၈ မိုင် သမင်ဆတ်လမ်းခွဲကို ယနေ့ မေလ၃၁ ရက်နေ့‌ နံနက် ၁၁နာရီ ကျော်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်ဖြင့် လာရောက် ပစ် ခတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်များသည် မုံရွာမြို့ အခြေစိုက် အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ပြီး ပြည်သူများမှာ ရဟတ်ယာဉ်အသံကြား သည်နှင့် ထွက်ပြေးကြသဖြင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

“လူအသေအပျောက်ကတော့ မရှိဘူး။လောလောဆယ်တော့ နောက်တစ်ကြိမ် လာပစ်မှာစိုးလို့ ဘယ်သူမှ အနားမကပ်ရဲသေးဘူး။ ဘာကြောင့်အခုလိုလာပစ်တယ်ဆိုတာတော့မသိဘူး။ မြေပြင်မှာ တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့လာပစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်က ယာစောင့်တဲများ၊ မုံရွာ-ယာကြီး-ကလေး လမ်းဘေးရှိ စျေးရောင်းသည့် ဈေးဆိုင်တစ်ဆိုင်တို့ကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူများအားလုံး အချိန်မီ ရှောင်တိမ်းနိုင်သဖြင့် ထိခိုက်ဒဏ်ရာမှု လုံး၀ မရှိကြောင်း သိရှိရသည်။

ကနီမြို့နယ်၊ ကျောက်လုံးကြီး KLG တပ်ဟာမှ တာဝန်ရှိသူတစ်ဦး ကမူ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ် Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ‌ထိခိုက်ပျက်စီးမှုတချို့ရှိနိုင်ကြောင်း ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာမြို့မှ တက်လာသော Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် မုံရွာ-ယာကြီး ကားလမ်း၊ မိုင်တိုင် ၂၇ အနီးရှိ ပေါက် အင်းမြိုင် ကျေးရွာ စာသင်ကျောင်းနှင့် ဈေးဆိုင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“Mi 35 နဲ့လာ ပစ်တာ၊ ဘာတိုက်ပွဲမှလည်း မရှိဘူး၊ ရဲဘော်တစ်ယောက်တော့ လွှတ်ထားတယ်၊ ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားရတယ်၊” ဟု ကျောက်လုံးကြီး KLG တပ်ဟာမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- နမခ ဌာနချုပ်အတွင်း ရပ်နားထားသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article