34 C
Yangon

ကရင်နီတိုက်ပွဲတွင် သေဆုံးသော စစ်သား ၄၀ ခန့်တွင် ခမရ ၄၂၅ တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး ပါ၀င် သေဆုံးပြီး အလောင်းပြန်မရဘဲ နာရေးလုပ်ရ

Must read

ကရင်နီတိုက်ပွဲတွင် သေဆုံးသော စစ်သား ၄၀ ခန့်တွင် ခမရ ၄၂၅ တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး ပါ၀င် သေဆုံးပြီး အလောင်းပြန်မရဘဲ နာရေးလုပ်ရ

ရန်ကုန်၊ မေ ၂၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အမှတ် ၄၂၅ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး သေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများက အတည်ပြုပြောဆိုသည်။

မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အခြေစိုက် ခမရ ၄၂၅ မှ အသက် ၃၅ နှစ်အရွယ် ဗိုလ်မှူးဇေယျာမျိုး သေဆုံးသွားကြောင်း၊ ဗိုလ်မှူးဇေယျာမျိုးသည် သေဆုံးချိန်တွင် ဇနီးနှင့်သားတစ်ဦး ကျန်ရစ်ကြောင်း၊ ဇနီးဖြစ်သူတောင်ကြီး တက္ကသိုလ်မှ ဆရာမတစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် အလောင်းပြန်မရကြောင်း သိရှိရသည်။

“သူ့မိဘတွေက ရွှေပြည်သာမှာနေပြီး နာရေးကို ရွှေပြည်သာအိမ်မှာလုပ်တယ်။ အလောင်းပြန်မရလို့ နာရေးရက်လည်ပဲ လုပ်မယ်။ ကရင်နီမှာ တိုက်ပွဲကျပါတယ်။ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာ စားနေပြီ။ ဗိုလ်မှူး ရာထူး အပွင့် တင်တော့မယ့် ဆဲဆဲ ကျသွားတာ” ဟု ရွှေပြည်သာမှ မိတ်ဆွေတစ်ဦးက ဆိုသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့ အထိ ဖြစ်ပွားသော ၉ ရက် ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ် ကြီး ၁ ဦး အပါအဝင် ၄၀ ဦး နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကာ လက် နက် ခဲယမ်း အမြောက်များ သိမ်းဆည်းရရှိကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၄ ရက်နေ့မှစတင်၍ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက် ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ် ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များကို ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၉ ရက်ကြာ ရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိနာကာ အထိ အခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်း ဆု တ်ခွာခဲ့ပြီးယနေ့ထိ ကရင်နီ ပူးပေါင်းတပ်များ က လိုက်လံ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ ၁၀ ရက်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး၊ဗိုလ်အဆင့် ရှိသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီး အဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ကြောင်း သိရှိရ သည်။

စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ် ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့ အတင်း အကျပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများကို အနောက်မှ နေ၍အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက် တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်​ ရေ စုစုပေါင်း ၆၀ ထက်မနည်းဗုံး ကျဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ၉ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 ၈ လက်၊ MA-2 ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ 9mm Pistol ၁ လက်၊ RPG ၂ လက် နှင့် ဆက်စပ် ခဲယမ်းမီး ကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက် အများ သိမ်းစည်းရရှိခဲ့ပြီး စစ်သား စစ်သုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီ တပ်မတော် (KA) မှ ရဲဘော်(၁)ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ၂၀၂၃ခုနှစ်၊ မတ်လမှ စတင် ၍ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့ မတ်လ၂၄ ရက်နေ့ အထိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ များ နှင့် မိမိတို့ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေ သောကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့် ဖြတ်သန်းသွား လာခြင်း များကို တတ်နိုင်သမျှမပြုလုပ်ပါရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article